မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးလှူဒါန်းပွဲ ကျင်းပ

 



MNP ၊ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးလှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်ကျွန်းမြို့ အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်းဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟ‌ဇော်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ကြီးအကဲများ ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိုက်ပျိုးရေး ဦးစီးဌာန၊လယ်ယာ‌မြေ စီမံခန့်ခွဲ‌ရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးဦးးစီးဌာန၊ စည်ပင်သာယာ‌ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကျေးလက်လမ်းဖွံဖြိုး‌ရေးဦးစီးဌာန၊ ရစကနှင့် မြို့‌ပေါ်ရှိ ရပ်ကွက် (၁၃) ရပ်ကွက်မှ အဖွဲ့(၈) ဖွဲ့ စုစုပေါင်းထမနဲထိုးအဖွဲ့ (၁၆) ဖွဲ့ရှိ ဝန်ထမ်းများမှ ပျော်ရွှင်စွ ာစုပေါင်းထမနဲထိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)