MNP ၊ ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ရုံးရှေ့ ကွင်းပြင်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ စုပေါင်းနှမ်းမနဲထိုးပြိုင်ပွဲတွင် မန္တလေးမြို့ပေါ်ရှိ မြို့နယ် ခုနှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ အမရပူရခရိုင်တို့မှ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများက လှည့်လည်ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများ၏ နှမ်းမနဲများကို အကဲဖြတ်အမှတ်ပးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အကဲဖြတ်အမှတ်ပေးမှုကို ရှင်းလင်းပြာကြားသည်။ ထို့နောက် တိုင်းဒေသကြီးမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မမက ပထမဆုရရှိသော ချမ်းအေးသာစံမြို့နယ်အသင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး မျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မမက ပထမဆုရရှိသော ချမ်းအေးသာစံမြို့နယ်အသင်းကို လည်းကောင်း၊ တိုင်းဒေသကြီးမျိုးသမီးရေးရာအဖွဲ့ နာယကအဖွဲ့ဝင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေက ဒုတိယဆုရရှိသော ပြည်ကြီးတံခွန်မြို့နယ်အသင်းကို လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက တတိယဆုရ အမရပူရမြို့နယ်အသင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၏ဇနီးများက နှစ်သိမ့်ဆုရရှိကြသော မြို့နယ်များကိုလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြင့်ကြပြီး ပြိုင်ပွဲဝင်များနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
မြင့်မော်ထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment