MNP ၊ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန၌ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ဆန္ဒဖော်ထုတ် ဆွေးနွေးပွဲ (၂/၂၀၂၄) အခမ်းအနားကျင်းပခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၉ နာရီခွဲက အဆိုပါဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်၍ မိသားစုဆန္ဒဖော်ထုတ်ဆွေးနွေးပွဲ (ဒါဘာ) အမှတ်စဉ် (၂/၂၀၂၄) အခမ်းအနားကျင်းပခဲ့ပြီး တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးရှိ တပ်ဖွဲ့ဝင် (၄၀)ဦးနှင့် စကားအင်း(အမြန်လမ်း)ရှိ တပ်ဖွဲ့ဝင်(၆)ဦး၊ ပေါင်း(၄၆)ဦးတို့အား ဆန်(၄)ပြည်နှင့် ကြက်ဥ(၁၀)လုံး ထောက်ပံ့ပေးအပ်ခဲ့သည်။ ချမ်းအေးသာစံမြို့နယ်၊ မီးသတ်စခန်းမှ ဆေးရုံတက်ရောက် ကုသခဲ့သော လက်ထောက်မီးသတ်ဦးစီးမှူး ဦးမင်းသိန်း၏ ဇနီးအား ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းမှ ၁၀၀,၀၀ဝိ/-ကျပ်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌမှ ၅၀,၀၀ဝိ/-ကျပ်၊ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ၁၅၉,၀၀ဝိ/-ကျပ်တို့၊ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ မန္တလေးခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးများမှ ၎င်းတို့၏တပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများအသီးသီး ပေးအပ်ခဲ့ကာ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် မန္တလေးခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ နေအိမ်လိုင်းခန်း သန့်ရှင်းရေးဆု ရရှိခဲ့သူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment