ပင်လောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်




MNP ၊ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများနှင့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု(One Region One Product)ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်သည့်  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီက ဘက်စုံသုံးခန်းမတွင်  ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ရှမ်း​ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ် ထွန်းလာစေရန်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင်ပို့ချပေးသည့် နည်းပညာဖြင့် ထုတ်ကုန်များထုတ်လုပ်နိုင်ပြီး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လိုသူများအား လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း အမှာစကားတွင် ပြောကြားခဲ့သည်။

ထို့နောက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင့်ဇော်ထက်နှင့် ဌာနဆိုင်ရာများက သင်တန်းသူများအား လူသုံးကုန်ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ၊ အသေးစား စက်ပစ္စည်းများကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်ကျော်မျိုးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ပန်းကန်​​ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Scrud ၊ ဆပ်ပြာခရင်(စ်)၊ လျှော်မွေးဆပ်ပြာထုတ်လုပ်မှုနည်းပညာများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)