အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာ န( Community Cen tre )ခန်းမ၌စာပေဗဟုသုတမျှဝေခြင်းနှင့်ဒို့ကျေးရွာဂျာ နယ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာ န( Community Cen tre )ခန်းမ၌စာပေဗဟုသုတမျှဝေခြင်းနှင့်ဒို့ကျေးရွာဂျာ နယ်ဖြင့် စာဖတ်ဝိုင်းကျင်းပ


MNP -  ဖေဖော်ရီ ၁၆

     ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေ ပြုဗဟိုဌာန( Comm unity Centre ) ခန်း မတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က စာပေဗဟုသုတမျှဝေခြင်းအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကိုဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ်(၂၃)ဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့ပါသည်။

ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းကစာပဗဟုသုတမျှဝေခြင်းအသိပညာပေးဟောပြောပွဲတွင် စာဖတ်သောလူငယ်များ၏အားသာချက်များ၊အတွေးအခေါ်ရင့်ကျက်မှု၊ဖြန့်ကျက်ပြီး တွေးတောရန်လိုအပ်ချက်များ၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ အ သက်ငယ်ပေမယ့်ပိုရင့်ကျက်ရန်နှင့်အမှားအမှန်ခွဲခြားရန်အချက်များနှင့်အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးအကြောင်းအရာများအားလည်းကောင်းဒုတိယဦးစီးမှူးဒေါ်ခင်မျိုးတင်က ဘာ သာရပ်ဆိုင်ရာ ရာစုများအကြောင်းတို့ကို ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။ 

     ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းအားဒို့ကျေး ရွာဂျာနယ် အတွဲ (၁၉)အမှတ်(၂၃)စာရေးဆရာ ချစ်နိုင်စိတ်ပညာရေးသားသည့်ဆက်ဆံမှုနှင့်အောင်မြင်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်း အားကျင်ပခဲ့ရာစာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင် မဇင်မာထွန်း၊မရတနာဝင်း၊မသန်းထွေး၊မနှင်းမိုးဝေ၊မချစ်ချစ်လှိုင်၊မကေသရီအောင်အောင်နှင့် တက်ရောက်လာသူများကအဆိုပါ ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အ မှတ် (၂၃)မှ ဆက်ဆံမှုနှင့်အောင်မြင်ရေးဆောင်းပါးပါအကြောင်းအရာများအားဖတ်ကြားဆွေး နွေးချက်များအပေါ်  ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဒုတိယဦးစီးမှူးက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

   https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)