ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ ကျင်းပ




MNP  ၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များအား နေ့ထူးနေ့မြတ်များကို အစဥ်သတိရစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တောင်တန်းပြည်မ မခွဲခြား တစ်သားထဲ အမြဲရှိနေသည့် တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုများကို သိရှိနားလည်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ အမြဲရှင်သန်နေစေရန်အတွက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး စိတ်ကြိုက်ပန်းချီပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တက်ရောက်လာကြသည့် ဆရာမများ၊ Woman Club/Book Club အဖွဲ့ဝင်များက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်တွင် ပြသထားသော ပြည်ထောင်စုနေ့သမိုင်းအကျဥ်း၊ ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ အားကစားပြိုင်ပွဲပုံများနှင့် မြို့နယ်တွင် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)