MNP ၊ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ရွှေတောင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများက နှစ်ဆုံးစာမေးပွဲများကို (ပထမနေ့) အဖြစ် မြန်မာစာဘာသာရပ် စာမေးပွဲများကို ဖြေဆို လျက်ရှိသည်။
ရွှေတောင် မြို့နယ်အတွင်းရှိ (Grade-9)စာစစ်ဌာန(၃၀) ရှိ (Grade-9) ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၉၃၉)ဦး၊ (Grade-5)စာစစ်ဌာန(၇၇) ရှိ( Grade-5)ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၉၅)ဦး နှစ်ဆုံးမှုစာမေးပွဲအား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးမှူး ဦးကျော်ဦး၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ အနီးကပ်ကြီးကြပ်၍ ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment