ဂွမြို့နယ်၌ Grade-5နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို တတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်၌ Grade-5နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို တတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆို



MNP ၊  ဖေဖော်ဝါရီ    ၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌၂၀၂၃-၂၀၂၄ပညာ သင်နှစ်အတွက်Grade-5၊ Grade-9အတန်းဆုံးစာမေးပွဲအား သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပပြုလုပ်လျက်ရှိရာယနေ့နံနက်ပိုင်းတွင် တတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိကြသည်။

ဂွမြို့နယ်အတွင်းတွင်ဖေဖေါ်ဝါရီ ၂၃ ရက်နေ့၌ အင်္ဂလိပ်စာဘာသာရပ်ကို Grade-5 စာစစ်ဌာန(၇၆)ခုတွင်  စာရင်းရှိ-၉၈၂ဦး၊ ဖြေဆိုသူ ၉၀၈ဦးနှင့် ပျက်ကွက်သူ ၇၄ဦးရှိပြီး Grade -9 စာစစ်ဌာန(၃၄)ခုတွင် စာရင်းရှိ-၆၂၇ဦး၊ ဖြေဆိုသူ ၆၀၀ဦးနှင့် ပျက်ကွက်သူ ၂၇ဦး ရှိကြောင်းသိရသည်။ 

အဆိုပါ စာမေးပွဲကိုကျောင်းသားကျောင်းသူ

များ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့ပေါ်ရပ်ကွက်ရှိ စာစစ်ဌာနကြီးကြပ်ရေး အဖွဲ့များနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများ ၊တာဝန်ကျဆရာဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 ⁨ရွှေရည်ဝင်းကျော်⁩

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)