တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ ပထဝီဘာသာရပ်နှင့်သိပ္ပံ ဘာသာရပ်များကိုစာစစ်ဌာများအလိုက်အေးချမ်းစွာဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ အခြေခံပညာ Grade-5 နှင့် Grade-9 စာမေးပွဲ ပထဝီဘာသာရပ်နှင့်သိပ္ပံ ဘာသာရပ်များကိုစာစစ်ဌာများအလိုက်အေးချမ်းစွာဖြေဆိုလျက်ရှိ

 




MNP  ၊ ဖေဖေါ်ဝါရီ ၂၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 စာမေးပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် စာစစ်ဌာနများ အလိုက်ကျင်းပလျက်ရှိရာ ပထဝီဘာသရပ်နှင့်သိပ္ပံ ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ဖြေဆိုလျက်ရှိရာတွင် Grade-5 အတန်း၌သိပ္ပံဘာရပ်ကို ဖြေဆိုရန်စာရင်းရှိ ၂၈၆၄ ဦးရှိသည့်အနက် ၂၆၄၆၄ဦးကလည်းကောင်း ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၊ Grade-9  အတန်း၌ပထဝီ ဘာသာရပ်ကို  ဖြေဆိုရန် စာရင်းရှိ ၁၈၇၉ ဦးရှိသည့်အနက် ၁၇၅၇ ဦးကလည်းကောင်း အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျောင်းသား ၊ ကျောင်းသူများ၏ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ခရိုင် ၊ မြို့နယ်ပညာရေး မှူးရုံးမှ တာဝန်ရှိသူများ ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးများနှင့်ဆရာ၊ဆရာမများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)