မံစီ၊ ဖေဖော်ဝါရီ ၂၉
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လူငယ်များကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များအဖြစ် လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ၂၀၂၄ ခုနှစ်၊ ဖေ ၁၆ရက်နေ့ ညနေ (၀၇ ၁၅) နာရီခန့်တွင် မံစီမြို့၊ ပြင်ဦးလွင်ရပ်ကွက်ရှိ MC အအေးနှင့်အကင်ဆိုင်တွင် စားသောက်နေသည့် လူငယ် ၆ ဦးတို့အား လူသစ်စုဆောင်းရန်အတွက် Pajero ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့အတူ အခြားကား ၂ စီးဖြင့် မံစီမြို့၊ မောရဝတီရပ်ကွက်၊ ရီဟူနှင့် မံခံကျေးရွာများအတွင်း လိုက်လံ၍ လူငယ် ၃၀ ဦးခန့်အား လူသစ်စုဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ ဖေ ၁၇ရက်နေ့ ညနေ ၀၆၃၀ နာရီခန့်တွင် မံစီမြို့၊ မြိုမဘုန်းကြီးကျောင်းတွင် လူငယ် ၁၅ ဦးခန့်အားလည်ကောင်း၊ ဖေ ၁၈ရက် ညနေ ၀၅၀၀ နာရီခန့်တွင် ကံဦးဘုန်းကြီးကျောင်းတွင်လည်း လူငယ် ၁၀ ဦးခန့်အား လည်းကောင်း၊ အလားတူ ညနေ ၀၅၃၀ နာရီခန့် တွင် မံစီမြို့၊ မြို့နယ်ဥပဒေရုံး၊ ရုံးစောင့်တာဝန် ထမ်းဆောင်လျက်ရှိသည့် ဦးယော်ထုံအား ဘုရားကျောင်း တက်ပြီး တာဝန်ကျရာရုံးသို့ ပြန်လာစဉ် လမ်း၌ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ ဖေ ၂၂ရက်နေ့ မနက် (၀၉ ၃၀) နာရီခန့်တွင် မံစီမြို့၊ KBC နှစ်ခြင်းဘုရားရှိခိုးကျောင်းအတွင်း ထွေအုပ်(မံစီ) ၌ရုံးကူ တာဝန်ထမ်းဆောင်နေပြီး ကောင်ရာရပ်ကွက် နေထိုင်သူ ဦးအေဒီထွယ်အောင် အား လည်းကောင်း၊ ဖေဖော်ဝါရီ ၂၇ ရက်န့ ည (၀၉ ၄၅) နာရီခန့်တွင်လည်း မံစီမြို့၊ ပြင်ဦးလွင်ရပ်ကွက်တွင် နေထိုင်လျက်ရှိသော လဝက(မံစီ)မှ ဒုလဝကမှူး တာဝန်ထမ်းဆောင်နေသူ ဦးဇော်ရှောင်အား KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်သမား ၄ ဦးခန့်မှ ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် နစကအစိုးရသက်တမ်းတလျောက် PDF အကြမ်းဖက်သမားများကို သင်တန်းပေးခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို KIA အကြမ်းဖက်အဖွဲ့က ဦးဆောင်၍ စဉ်ဆက်မပြတ် လှုပ်ရှားဆောင်ရွက်နေသော်လည်း ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ခြင်း မရှိသေးပေ။
#News
No comments:
Post a Comment