ကောလင်းမြို့တွင်းမှ KIA/PDFအကြမ်းဖက်အဖွဲ့များကို ရှင်းလင်နိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း ဆရာတော်ဦးဝါသဝ မိန့်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောလင်းမြို့တွင်းမှ KIA/PDFအကြမ်းဖက်အဖွဲ့များကို ရှင်းလင်နိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း ဆရာတော်ဦးဝါသဝ မိန့်ကြား



MNP ၊ ဖေဖော်ဝါရီ ၈

ကောလင်းမြို့တွင်းရှိ အကြမ်းဖက်အဖွဲ့များကို ရှင်းထုတ်နိုင်ခဲ့သည်မှာ မှန်ကန်ကြောင်း ဆရာတော်ဦးဝါသဝ က မြန်မာနေရှင်နယ်ပို့စ်သို့ အတည်ပြုမိန့်ကြားသည်။

ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်ရန် ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ဆရာတော်အား ဆက်သွယ်မေးမြန်းရာ "မှန်ပါတယ်။ ကောလင်းမြို့ထဲက အကြမ်းဖက်အဖွဲ့တွေ အကုန်လုံး ပြေးကြပါပြီ။ အထိုင်ချလို့တော့ မရသေးဘူးပေါ့။ ရှင်းလင်းရေးတွေ ဆောင်ရွက်နေရတယ်။ လမ်းကြောင်းမှာရှိတဲ့ အကြမ်းဖက်စခန်းတွေကိုပါ တပါတည်း ရှင်းသွားတာ ဖြစ်ပါတယ်။ တရားသောစစ် အောင်ကို အောင်ရမယ်။ တပ်မတော်နဲ့ ပြည်သူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်တဲ့ ကိစ္စမှန်သမျှက မအောင်မြင်ဘူးဆိုတာ မရှိရဘူး။ အဓိက ပြောချင်တာကတော့ PDF တွေ မိုက်လုံးမထွားကြနဲ့။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ပြီး အောင်ပွဲခံမနေကြနဲ့။ တပ်မတော်က မရှင်းလို့သာ မင်းတို့တွေ အောင်ပွဲခံနိုင်တာ။ တပ်မတော်နဲ့ ပြည်သူ့စစ် ဟန်ချက်ညီညီ ရှင်းရင် KIA/PDF ဘာခံနိုင်မှာလဲ။ PDF တွေ အသိတရားရှိဖို့၊ KIA ခိုင်းတိုင်း မိုက်လုံးမထွားကြတော့ဖို့ အဓိက ပြောချင်ပါတယ်" ဟု ဆရာတော်က မိန့်ကြားသည်။

ကောလင်းမြို့မှ ထွက်ပြေးလာသော KIA/PDF အကြမ်းဖက်အဖွဲ့များနှင့် တန့်ဆည်ဘက်မှ PDF အကြမ်းဖက်အဖွဲ့များ ပေါင်း၍ ကန့်ဘလူအတွင်း ဝင်ရောက်လာမည့် အခြေအနေများ ကြားသိနေရသဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)