MNP ၊ ဖေဖော်ဝါရီ ၂၂
NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နှင့် EAOs အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက မြန်မာလူငယ်များကို ထိုင်းနိုင်ငံဘက်တွင် အလုပ်ရမည်ဟု လိမ်လည်ကာ တစ်ဦးကို ငွေကျပ် ၂၃ သိန်းစီ တောင်းခံပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်နေကြောင်း သိရသည်။
နိုင်ငံတော်အစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုထုတ်ပြန်ပြီးနောက် NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် EAOs အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက စစ်မှုမထမ်းရန်လှုံ့ဆော်ခြင်း၊ အများပြည်သူ စိုးရိမ်သောဖြစ်စေရန် ပေါ်တာစွဲနေပြီဟူသော သတင်းများ လုပ်ကြံဖန်တီးဖြန့်ဝေခြင်း၊ ထိုင်းနိုင်ငံဘက်သို့ လူငယ်အများအပြား ထွက်နေသည်ဟူသော လှုံ့ဆော်ရေးသားမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည့် အပြင် PDF အကြမ်းဖက်အဖွဲ့အတွင်း ဝင်ရောက်ရန် စည်းရုံးသိမ်းသွင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
ပြည်သူလူထုကို အတိဒုက္ခရောက်အောင် နည်းမျိုးစုံဖြင့် ဖန်တီးနေသော NUG အကြမ်းဖက်အဖွဲ့နှင့် အပေါင်းအပါများ၏ လိမ်လည်မှုကြောင့် ထိုင်းနိုင်ငံဘက် ထွက်ရန် ကြိုးပမ်းကြသည့် လူငယ်များမှာ ငွေကြေးဆုံးရှုံးသည့်အပြင် ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရသည်။
No comments:
Post a Comment