ကောလင်းမြို့အနီးရှိ PDF အကြမ်းဖက်စခန်းတချို့ကို တပ်မတော်က ရှင်းလင်းနိုင်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကောလင်းမြို့အနီးရှိ PDF အကြမ်းဖက်စခန်းတချို့ကို တပ်မတော်က ရှင်းလင်းနိုင်ပြီ



MNP ၊ ဖေဖော်ဝါရီ ၆

အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ရင်းများနှင့် ဖွဲစည်းထားသည့် လုံခြုံရေးစစ်ကြောင်းများ ကောလင်းမြိုအား ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်စစ်စတင်လျက်ရှိရာ ဖေ ၅ ရက် နေ့လည်ပိုင်းတွင် ကောလင်းမြိုအနီးရှိ ကြိုခုံရွာ၊ ဇီးခုံရွာ၊ ညောင်ပင်သာရွာများတွင် KIA၊ PDF ပူးပေါင်းအဖွဲများဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA၊ PDF အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားပြီး အကြမ်းဖက်သမား ၄ဦး ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ ဆက်လက်၍ အကြမ်းဖက်စခန်းများကို ရှင်းလင်းလျက်ရှိရာ ကောလင်းမြိုအနီးရှိ အင်းဗုဒ်ကုန်းရွာ၊ ပေကုန်းရွာများရှိ PDF စခန်းများအား လုံခြုံရေးတပ်ရင်းများက တိုက်ခိုက်သိမ်းပိုက်ပြီး ဝန်းကျင်အား ရှင်းလင်းဆဲဖြစ်ကြောင်း သိရသည်။

ကောလင်းမြိုကို ထိန်းချုပ်ထားသည့် KIA အကြမ်းဖက်အဖွဲမှ ခေါင်းဆောင်ပိုင်းတစ်ချိုသည် ကောလင်းမြို့အတွင်း ကောလင်းနယ်မြေခံ PDF အကြမ်းဖက်သမားများအား လက်နက်၊ ခဲယမ်းအင်အား ဖြည့်တင်းပေးပြီး ခုခံတိုက်ခိုက်ရန် စီမံပေးကာ ထီးချိုင့်-ကသာဘက်သို ရှောင်တိမ်းသွားကြောင်း သိရသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)