မိတ္ထီလာ၌ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာ၌ အသက် ၆၅ နှစ်နှင့်အထက်ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံခြင်း ဆောင်ရွက်

 

MNP ၊ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင်  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးသည်။  ထို့သို့ Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးရာတွင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အရှေ့ပြင်ဈေး၊ သီရိမင်္ဂလာ၊ မြို့မ၊ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ အောင်ဇေယျာ၊ နန်းတော်ကုန်း၊ အောင်ဆန်း၊ပေါက်ချောင်း၊ ပြည်သာယာ (မ)၊ ပြည်သာယာ(တ)၊ ဝန်ဇင်း စသည့်ရပ်ကွက်များမှ အသက် ၆၅ နှစ်နှင့်အထက်  ပြည်သူများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့က ပူးပေါင်းထိုးနှံပေးခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)