ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြောသရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး‌ အသိပညာပေး ဟောပြောသရုပ်ပြသ





MNP ၊  ဖေဖော်ဝါရီ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍ အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျှက် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က အမှတ် (၁) အထည်စက်ရုံရှိ ၀န်ထမ်းများအား မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်ငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် လက်တွေ့ငြိမ်းသတ်သရုပ်ပြသခြင်းများအား အမှတ် (၁) အထည်စက်ရုံရှိ သီးသန့်မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ပူးပေါင်းဆောင်ရွက် ဇာတ်တိုက်လေ့ကျင်လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)