အခြေခံပညာကျောင်းများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းများ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်





MNP ၊ ဖေဖော်ဝါရီ  ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မန္တလေးတိုင်းဒသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့် ကွင်းဆင်းစစ်ဆေး အကြံပြုခြင်းလုပ်ငန်းများအား စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

မကြာမီကာလတွင် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ အဆိုပါ စာစစ်ဆင်တာအဖြစ် အသုံးပြုသွားမည့် အခြေခံပညာအထက်တန်းကျောင်းများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ညောင်ဦးမြို့နယ်အတွင်းရှိ နယ်မြေကြီး ၅ ခုတို့တွင် သက်ဆိုင်ရာ နယ်မြေများအလိုက် ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကိုလည်း စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၌ စာစစ်စင်တာအဖြစ် အသုံးပြုသွားမည့် ငါ့သရောက် အ.ထ.က ကျောင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ငါ့သရောက် နယ်မီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စာသင်ကျောင်း မီးဘေးလုံခြုံရေးအတွက် ကျောင်းဆောင်များ၊ စာဖြေခန်းများနှင့် ကျောင်းပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်စစ်ဆေးအကြံပြုခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ကြိုတင်ဖြည့်စည်း စုဆောင်းထားရှိမှု အခြေအနေနှင့် အသုံးပြုနိူင်ခြင်း ရှိ/မရှိ စစ်ဆေးအကြုံပြုခြင်း၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းအသုံးပြုနှင့် အရန်မီးစက် စီမံထားရှိမှု၊ အရေးပေါ် မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှု၊ ပတ်ဝန်းကျင်မှ မီးကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် အမှိုက်သရိုက်များ ကြိုတင်စီမံ ရှင်းလင်းထားရှိမှု အခြေအနေများအား လှည့်လည်စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)