လပွတ္တာ၊ မတ် ၁၀
အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ၏ စတုတ္ထအကြိမ်မြောက် A.G.T.I ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းသည့်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်ထံမှ ဘွဲ့ယူမောင်မယ်များအား ဂုဏ်ပြုအမှာစကားပြောကြားမှုကို A.G.T.I ဒီပလိုမာရယူမည့်သူများက ပရိုဂျက်တာဖြင့် နာယူခဲ့ကြသည်။ ဆက်လက်၍ ခန်းမတွင်းရှိ စင်မြင့်ပေါ်တွင် ကျောင်းအုပ်ကြီးအမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်ပုဂ္ဂိုလ်များ နေရာယူပြီး နိုင်ငံတော်သီချင်း တီးလုံးဖွင့်သည့်အချိန်၌ ကြွရောက်လာကြသော ပရိသတ်အားလုံးနှင့် A.G.T.I ဒီပလိုမာရယူမည့်သူများက ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားကျင်းပရာ A.G.T.I ဒီပလိုမာဘွဲ့ အသီးသီးအတွက် ကောင်းစွာ အောင်မြင်ပေါက် မြောက်ခဲ့ပြီဟု သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ကျောင်းအုပ်ကြီး ဒေါက်တာဝတ်ရည်လှိုင်က သက်ဆိုင်ရာဌာနမှူးများ၏ ပို့ဆောင်ပေးမှုဖြင့် A.G.T.I ဒီပလိုမာရယူမည့်သူများအား A.G.T.I ဒီပလိုမာအသီးသီးကို အပ်နှင်းပေးခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ကြီးက A.G.T.I ဒီပလိုမာပေးအပ်ပွဲ မိန့်ခွန်းမြွက်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့မိမြို့ဖများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း (၃၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မူမူ
#News
No comments:
Post a Comment