မန္တလေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမြို့တော်ခန်းမတွင် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားမြို့တော်ခန်းမတွင် ကျင်းပ

 


မန္တလေး၊ မတ် ၁၀

၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ  မြို့တော်ခန်းမတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ဖိတ်ကြားထားသည့် အသင်း/အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အလေးအနက်ထား အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာရှင် အတတ်ပညာရှင် လူသားအရင်းအမြစ် များစွာလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်က အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကဏ္ဍစုံတွင် အမျိုးသမီးများနှင့် အမျိုးသားများ တန်းတူပါဝင်ခွင့် ရရှိရေးတို့အတွက် နိုင်ငံတကာ၊ အာဆီယံနှင့် နိုင်ငံအဆင့် လုပ်ငန်းစဉ်မူဝါဒများနှင့်အညီ  အမျိုးသမီးကဏ္ဍကို ကျယ်ပြန့်စွာ ဆောင်ရွက်နေပါကြောင်း၊ ကျေးလက်မြို့ပြ ကွာဟချက်နည်းပြီး ကဏ္ဍစုံတွင် အမျိုးသမီးများ၏ စွမ်းရည်ကို အသုံးချနိုင်ရန်နှင့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ “အရှိန်အဟုန်ဖြင့်တိုးတက်ရေးအမျိုးသမီးများတွင်မြှုပ်နှံပေး” ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်(UN Message Video Clip)နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ (Video Clip) ပြသမှုများ၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ ပြည်လုံးချမ်းသာပရဟိတဂေဟာနှင့် ဧရိပ်မွန် အမျိုးသမီး ကလေးများကျောင်းတို့မှ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ဂုဏ်ပြုတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ တိုင်းဒေသကြီးအမျိုး သမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့တို့က တေးသရုပ်ဖော်အကများဖြင့် ဂုဏ်ပြုတင်ဆက်သည့် အကအဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ပြီး ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ကာ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ထွက်ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရသည်။


ထွန်းထွန်းနိုင် 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)