အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်


အမ်း၊ မတ် ၁၀

ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲကို ဝင်ရောက်ဖြေဆိုရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ စားသောက်ရေးအဆင်ပြေစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ထောက်ပံ့လှူဒါန်းသော ဆန် (၁၀)အိတ် ဆီ(၆)ပုံး၊ ကြက်သွန်(၅)အိတ်၊ ငရုတ်သီးခြောက်(၂၀)ပိဿာအား ယနေ့နံနက်က လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပုံမြို့နယ်အတွင်းမှ ဓာတ်ပေါင်းစုစေတီတော်စွယ်တော်ဓမ္မာရုံ၌ တည်းခိုနေထိုင်သူ(၅၂)ဦးအတွက် ဆန်(၂)အိတ်၊ ဆီ(၁)ပုံး၊ ကြက်သွန် (၁)အိတ်၊ ငရုတ်သီးခြောက်(၃)ပိဿာအားလည်းကောင်း၊ ကမ်းထောင်းကြီးမြို့မှ မြောက်ပိုင်းရပ်ကွက် ပြည်ကျောင်းတိုက်၌ တည်းခိုနေထိုင်သူ (၂၀၉)ဦးအတွက် ဆန်(၄)အိတ်၊ ဆီ(၂) ပုံး၊ ကြက်သွန် (၂)အိတ် ငရုတ်သီးခြောက် (၇)ပိဿာအားလည်ကောင်း၊ ဗန်းတောင်ကျောင်းတိုက်၌ တည်းခိုနေထိုင်သူ (၆၇)ဦးအတွက် ဆန်(၂)အိတ်၊ ဆီ(၁)ပုံး၊ ကြက်သွန်(၁)အိတ်၊ ငရုတ်သီးခြောက် (၄)ပိဿာအားလည်ကောင်း၊ အမ်းမြို့နယ်အတွင်းမှ လာရောက်၍ မဟာဆူးကျောင်းတိုက်၌ တည်းခိုနေထိုင်သူ (၃၅)ဦးအတွက် ဆန်(၁)အိတ်၊ ဆီ(၁)ပုံး၊ ကြက်သွန် (၅)ပိဿာ၊ ငရုတ်သီးခြောက် (၃) ပိဿာအားလည်းကောင်း၊ အမှတ်(၄)ရွာသစ်မူလွန်ကျောင်း၌ တည်းခိုနေထိုင်သူ (၃၉)ဦးအတွက် ဆန်(၁)အိတ်၊ ဆီ(၁) ပုံး၊ ကြက်သွန် (၅)ပိဿာ၊ ငရုတ်သီးခြောက်(၃)ပိဿာအားလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ အုပ်ထိန်းသူမိဘဆရာများက လက်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသော ကျောင်းသား၊ ကျောင်းသူများ စားသောက်ရေးအဆင်ပြေစေရန် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ငရုတ်သီးခြောက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)