မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ဓလေ့မွန်မှုစာတမ်းဖတ်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ဓလေ့မွန်မှုစာတမ်းဖတ်ပွဲအခမ်းအနား တက်ရောက်




မော်လမြိုင်၊ မတ် ၁၀

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ်(၅ဝ)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ဓလေ့မွန်မှု စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖော်ထုတ်မြှင့်တင်ပေးနိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်တိုင်းရင်းသားလူမျိုးတို့၏ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များ ဖော်ထုတ်နိုင်ရေးနှင့် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများအတွက် အထောက်အကူပြုနိုင်စေရန်၊ မျိုးဆက်သစ်သုတေသနပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ကောင်းများဖြင့် ယခုစာတမ်းဖတ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မွန်တို့ရဲ့ ရှေးကျတဲ့ ကိုးကွယ်ယုံကြည်မှုများကို သိရှိနားလည်စေရန်နှင့် ပြည်သူများအသိပညာတိုးပွားစေရန် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မွန်လူမျိုးတို့၏ လူနေမှုဘဝအတွက် အရေးကြီးသည့် အစဉ်အလာယုံကြည်မှုတစ်ရပ်ကို စနစ်တကျဖော်ထုတ်သွားမည့် အကြောင်းအရာများဖြစ်သည့်အတွက် မွန်လူမျိုးတို့၏ရိုးရာ၊ ယုံကြည်မှုဓလေ့များကို စိတ်ပါဝင်စားသူများအတွက်သာမက မျိုးဆက်သစ်လူငယ်များအတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေမည့် လေ့လာမှတ်သားစရာ စာတမ်းဖတ်ပွဲတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စာတမ်းဖတ်ပွဲကျင်းပရေးကော်မတီ၊ မော်လမြိုင်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုကော်တီဥက္ကဋ္ဌ နိုင်ကျန်ရစ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ မွန်ဓလေ့မွန်မှုစာတမ်းတွင် ပါဝင်ရေးသားပြုစုသော စာတမ်းရှင်များနှင့် တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက မွန်တို့၏ယုံကြည်ကိုးကွယ်ရာဓလေ့ထုံးစံဖြစ်သော မွန်ရိုးရာနတ်ကန္နား Video Clip အား လည်းကောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ မွန်ရိုးရာနတ်ကန္နားယိမ်းဖြင့် ကပြဖျော်ဖြေတင်ဆက်နေမှုအားလည်းကောင်း ကြည်ရှုအားပေးခဲ့ကြပြီး စာတမ်းရှင်များက မွန်လူမျိုးတို့၏နတ်ကိုးကွယ်မှုသမိုင်းစာတမ်း၊ မွန်လူမျိုးတို့၏ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုများစာတမ်း၊ မွန်ရိုးရာနတ်၏လာရာကောက်ကြောင်းစာတမ်း၊ ယနေ့ခေတ် မွန်ရိုးရာနတ်ကနားဆင်ယင်ကျင်းပခြင်းစာတမ်းတို့အား ဖတ်ကြားတင်ပြခဲ့ကြကြောင်း သိရှိရသည်။


စည်သူ

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)