အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဆဌမအကြိမ် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဆဌမအကြိမ် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနား ကျင်းပ

 



MNP ၊​ကျောက်ဆည် မတ် ၁၀


မန္တလေးတိုင်းဒေသကြီး၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် (၉) နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အဋ္ဌမအကြိမ် A.G.T.I ဒီပလိုမာအပ်နှင်းသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဌာနမှူး (ကျောင်းသားရေးရာ) ဒေါ်မျိုးမျိုးလွင်က အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) ကျောင်းအုပ်ကြီးထံသို စာစစ်ပဂ္ဂိုလ်များ၏ အစီအရင်ခံချက်အရ သက်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က A.G.T.I ဒီပလိုမာများအတွက် ကောင်းစွာပြီးမြောက် အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ကြေညာပြီးဖြစ်သော ပုဂ္ဂိုလ်များကို A.G.T.I ဒီပလိုမာများ ခံယူစေဟု ပြဌာန်းပေးပါရန် အဆိုပြုပြီး အခမ်းအနားမိန့်ခွန်းကို စက်တင်ပုံနှိပ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ၏ စာကြည့်တိုက်၌ ထိန်းသိမ်းထားရှိရန် စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသည့် ပရိတ်သတ်သို့ကြေညာပြီး အဆိုပြုလက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်မှ A.G.T.I ဒီပလိုမာယူမည့်မောင်မယ်များအား Video Message ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ(ကျောက်ဆည်) ကျောင်းအုပ်ကြီး ဒေါက်တာမျိုးသူ အမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင်များမှ  စင်မြင်ပေါ်သို့နေရာယူပြီး ကျောင်းအုပ်ကြီးဒေါက်တာမျိုးသူက သက်ဆိုင်ရာ A.G.T.I ဒီပလိုမာအသီးသီးကို ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု သက်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့က ကြေညာပြီး ဒီပလိုမာအပ်နှင်းပြီးသောအခါ နေ့စဉ်နေ့တိုင်း ပြောဆိုနေထိုင်မှု၌ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) မှ ဒီပလိုမာနှင့်အညီ ပြောဆိုနေထိုင်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် မွန်မြတ်သော ပညာရှာမှီးမှုတို့တွင်လည်းကောင်း၊  ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ကြိုပမ်း ဆောင်ရွက်သွားရေး  ကတိပြုစေခဲ့သည်။


ဆက်လက်ပြီး A.G.T.I ဒီပလိုမာ (မြို့ပြ) ၊ A.G.T.I ဒီပလိုမာ (အီလက်ထရောနစ်) ၊ A.G.T.I ဒီပလိုမာ (လျှပ်စစ်စွမ်းအား) ၊ A.G.T.I ဒီပလိုမာ(က်မှု)နှင့် A.G.T.I ဒီပလိုမာ (သုတနည်းပညာ) ရရှိသည့် ကျောင်သား/ ကျောင်းသူများအား ကျောင်းအုပ်ကြီးဒေါက်တာမျိုးသူက ဒီမလိုမာများအပ်နှင်းပြီး အစိုးရစက်မှုလက်မှုသိပ္ပံမှ စာတွေ့လက်တွေ့လေ့ကျင့်မှုအပေါ်အခြေခံ၍  မိမိတို့ကျင်လည်ကြမည့် လုပ်ငန်းခွင်အသီးသီးတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်အောင်းကြိုးစားသွားကြစေလိုကြောင်းနှင့် ယခုဒီပလိုမာသည်  ဆဋ္ဌမအကြိမ်ဖြစ်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) အနေဖြင့် A.G.T.I ဒီပလိုမာလက်မှတ်ရ အသိပညာရှင်၊ အတတ်ပညာရှင် (၅၇၁) ဦး အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


သက်မောင်၊ကျောက်ဆည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)