စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာစီးပွားရေးတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား တက်ရောက်

 


MNP ၊မုံရွာ မတ် ၁၀


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းတွင် အဆိုပါ တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မောင်တို့မယ်တို့ မျှော်မှန်းကြိုးပမ်းခဲ့ကြသည့် ရည်မှန်းချက်ပန်းတိုင်အသီးသီးအား ကောင်းစွာအောင်မြင်ရောက်ရှိခဲ့ကြပြီးဖြစ်ပါ၍ မောင်တို့မယ်တို့နှင့်အတူ မိဘဆွေမျိုး၊ ဆရာသမား၊ မိတ်ဆွေများအားလုံးမှလည်း ဝမ်းမြောက်ဂုဏ်ယူနေကြမှာ အမှန်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဘွဲ့ရမောင်မယ်များအတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အမိတက္ကသိုလ်ကြီးမှ သင်ကြားပေးလိုက်သည့် စီးပွားရေးပညာရပ်များအား လက်တွေ့ဘဝတွင် ကောင်းစွာအသုံးချပြီး နိုင်ငံတော်မှအားထားရသည့် စီးပွားရေးပညာရှင်များ အသိပညာအတတ်ပညာရှင်များဖြစ်လာအောင် ကြိုးစားသွားကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့သည် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ကြသည်ဖြစ်စေ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေကာအများနှင့်အတူ ပူးပေါင်းညှိနှိုင်းပြီး အတ္တဟိတပရဟိတမျှတအောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အားလုံးသည် ဘွဲ့ရခေတ်ပညာတတ်လူငယ်များပီပီ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတိုင်းပြည်အား တိုးတက်မြင့်မားအောင် စေတနာအရင်းခံနှင့် စွမ်းဆောင်ပေးနိုင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ဖြစ်လာနိုင်ကြစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူထံ ငွေကျပ်-၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ MPA ဘွဲ့ရ ကျောင်းသားတစ်ဦးနှင့် စတုတ္ထနှစ်ကျောင်းသူတစ်ဦးတို့မှ ကျေးဇူးတင်စကားပြောကြားကြပြီး မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါမောက္ခချုပ်၊ ဒုတိယပါမောက္ကချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင်မယ်များနှင့်အတူ ညစာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)