MNP ၊ ပဲခူး မတ် ၁၀
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြုထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ တပ်မတော်စစ်ပစ်ကွင်း၌ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာသင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အကွာအဝေး မီတာ(၁၀၀) လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ၌ အမှတ်ပေးစနစ်ဖြင့် ပူးတွဲပထမဆုရရှိသူ (၂)ဦးအတွက် တစ်ဦးလျှင် ကျပ်(၂)သိန်းစီ၊ ဒုတိယဆုရရှိသူအတွက် ငွေကျပ်(၁)သိန်း၊ ပူးတွဲတတိယဆုရရှိသူ (၂)ဦးအတွက် တစ်ဦးလျှင် ကျပ်(၇)သောင်းစီ ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့ပြီး သင်တန်းနည်းပြတပ်မတော်သားများတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား တစ်ဦးချင်းလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment