ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိစျာပနလောင်တိုက်တော်ထားရှိမည့် နေရာဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိစျာပနလောင်တိုက်တော်ထားရှိမည့် နေရာဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု




MNP ၊ တာချီလိတ် မတ် ၁၀

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် မတ်(၉)ရက်မွန်းလွဲ(၂)နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ဆေးခမ်းရပ်ကွက်တွင် နဂါးနှစ်ကောင်ဆရာတော် အန္တိမအဂ္ဂိစျာပန လောင်တိုက်တော်ထားရှိမည့်နေရာ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာချီလိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ လုပ်ငန်းကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လောင်တိုက်တော်ထားရှိမည့်နေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာချီလိတ် စက်မှုရပ်ကွက်ရှိ MSMEအသေးစား၊ အလတ်စား၊ အငယ်စားထုတ်ကုန်တစ်ခုဖြစ်သော BMသွပ်ပြားစက်ရုံအား သွားရောက်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးကောင်းကင်အစာစပ်စက်ရုံသို့သွားရောက်ရာ စက်ရုံတာဝန်ခံမှ အစာစပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြပြီး တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် တာချီလိတ်မြိုနယ် BRP55 အနီး မယ်ဟောက်ချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)