ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက် သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက် သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်


နေပြည်တော်၊ မတ် ၂၃

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲ များဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ အတွင်း သို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့်  ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထိုသို့ ကန့်ကွက်ရှုတ်ချလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ဘာဆာရာကျေးရွာများမှ ဒေသ တည်ငြိမ်အေးချမ်း ရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုး အင်အား ၁၅၀၀ ကျော်သည် ဘုမေကျေးရွာရှိ သတ်မှတ်စုရပ်နေရာ၌စုဝေးပြီး ၎င်းစုရပ်နေရာမှ ဘုမေကျေးရွာနှင့် ဘာဆာရာ ကျေးရွာခြင်းဆက် လမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ချီတက်၍ ဆန္ဒဖော်ထုတ်ကြကာ နံနက် ၁၀ နာရီခွဲခန့်တွင်အေးချမ်းစွာ လူစုခွဲခဲ့ကြ သည်။

ချီတက်ရာ လမ်းတစ်လျှောက်တွင် “AA အလိုမရှိ၊ စစ်တွေမြို့ကိုကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ လူနေရပ်ကွက်ထဲကို လက်နက်ကြီးနှင့် ပစ်ခတ်နေသည့် AA သောင်းကျန်းသူအလိုမရှိ၊ စစ်တွေမြို့တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသော AA သောင်းကျန်းသူအဖွဲ့အလိုမရှိ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော NUG၊ AA အလိုမရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုအလိုမရှိ” စသည့် ကြွေးကြော်သံများကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာ ဖြင့် သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဘင်္ဂါလီလူမျိုးများက AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များအား ကန့်ကွက်မှုများ ဆောင်ရွက်နေသည့်အပေါ် အမေရိကန်အခြေစိုက် RFA သတင်းဌာနနှင့် ပြည်ဖျက်မီဒီယာများက လူမျိုးလိမ်အမည်ဖြင့် ရေးသားဖော်ပြမှုများ လုပ်ဆောင်လျက်ရှိပြီး NUG အကြမ်းဖက်အဖွဲ့ကလည်း ဘင်္ဂါလီလူမျိုးများကို လူမျိုးလိမ်အမည်တပ်ကာ လုပ်ကြံဖန်တီး တောင်းဆိုမှုများ လုပ်ဆောင်လျက်ရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)