ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ တိုးလ်ဂိတ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ AC ကတ္တရာခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်လမ်းပိုင်း)ရှိ တိုးလ်ဂိတ်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ AC ကတ္တရာခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မတ် ၂၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၃၉)မိုင်ရှိ ဘောနက်ကြီးမီနီတိုးလ်ဂိတ်လမ်း အသုံးပြုခကောက်ခံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနအင်ဂျင်နီယာချုပ် ဦးဝင်းရှိန်၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးနှင့် တိုးလ်ဂိတ်မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ဒုတိယဝန်ကြီးက လမ်းအသုံးပြုခကောက်ခံရရှိငွေများ အပြည့်အဝရရှိရေး၊ CCTV နှင့် Computer စနစ်များပျက်စီးပါက အမြန်ပြုပြင်ဆောင်ရွက်ရေး၊ အမြန်လမ်းပိုင်း တိုးလ်ဂိတ်များကို တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၄၅/၂)နှင့်(၄၅/၃)အကြား ကြက်ချောင်းလက်တက် တံတားပေါ်နှင့် တံတားအဝင်/ အထွက်တွင်ယာဉ်များအန္တရာယ်မဖြစ်စေရေးအတွက် AC ကတ္တရာလမ်းနှုတ်ခမ်းသားများ ညီညာမှုရှိစေရေးဆောင်ရွက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းကြီး မိုင်တိုင်အမှတ် (၄၉/ဝ)မှ(၄၉/၂)ကြား (အသွားလမ်း)နှင့် မိုင်တိုင်အမှတ်(၁၇၈/ဝ)မှ (၁၇၈/၂)အကြားတို့တွင် မူလ ကွန်ကရစ်လမ်းကို အကျယ် ၂၅ ပေ၊ ဒု နှစ်လက်မ ကတ္တရာကွန်ကရစ်ခင်းခြင်းနှင့် လမ်းပခုံးကို Paved Shoulder ခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦးနှင့် တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ရာတွင် AC ကတ္တရာလမ်းနှုတ်ခမ်းသားများကို ယာဉ်မတော်တဆမှု အန္တရာယ်ကင်းရှင်းစေရေးအတွက် သပ်ရပ်ဖြောင့်တန်းစွာဂရုပြုဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)