ကျွန်းလှ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာကထွက်ရှိသော သောက်ရေအိုးများ နွေရာသီကာလတွင် ရောင်းအားကောင်းနေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
“ကျွန်တော်တို့မိသားစုက မိဘဘိုးဘွားများလက်ထက်က အိုးလုပ်ငန်းလုပ်ကိုင်ခဲ့ပါတယ်။ အိုးလုပ်ရာမှာကုန်ကြမ်းကို ဒေသတွင်းကရရှိပြီး သောက်ရေအိုးအဓိကလုပ်ကိုင်ပါတယ်။ ဒီနှစ်နွေရာသီမှာ သောက်ရေအိုးတစ်လုံးငွေကျပ် ၁၅၀၀ နဲ့ ရောင်းနေရပြီး ရောင်းအားကောင်းနေပါတယ်” ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးဖိုးစုက ပြောသည်။
အဆိုပါ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် သောက်ရေအိုးအပြင် ရေကုသိုလ်အိုး၊ မီးသတ်အိုး၊ ထမင်းအိုး၊ ဟင်းအိုး၊ ပေါင်းချောင်၊ ဆီမီးခွက်စသည့်အိမ်သုံးပစ္စာ်းများပြုလုပ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်ဈေးများနှင့် နီးစပ်ရာကျေးရွာများသို့ ရောင်းချကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)
https://t.me/MyanmarNationalPost
No comments:
Post a Comment