ပုဗ္ဗသီရိ မတ် ၃၀
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေစီမံအုပ်ချုပ်ရေးခန်းမ၌ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့်အဖွဲ့ဝင်များသည် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ကြမည့် အသက်(၁၈)နှင့် (၃၅)ကြားလူငယ်များအား ကြိုဆိုပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး၊ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းနှင့်အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်၊ ဦးသန်းငွေ၊ ရဲအုပ်ဝင်းမြင့်၊ မြို့နယ်လ.ဝ.ကမှူး ဦဝင်းသိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်တာ၀န်ထမ်းဆောင်မည့် ပုဗ္ဗသီရိမြို့နယ်မှ ကျား(၃၀)ဦး၊ ဇေယျာသီရိမြို့နယ်မှကျား(၁၂)ဦး၊ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ပြီး နေပြည်တော် ကောင်စီ၀င်မှ အဖွင့်အမှာစကားပြောကြား၍ ပြည်သူ့စစ်တာဝန်ထမ်းဆောင်မည့် သူများအား ထောက်ပံ့ ငွေများနှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost
No comments:
Post a Comment