တောင်ကုတ် မတ် ၂၃
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့ မြို့ကျက်သရေဆောင် လောကထွဋ်ခေါင်ဖေါင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန် ဖောင်တော်ဦးစေတီတော် ၊ ဗုဒ္ဓပြတိုက်တော်၌ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ (ကိုင်းရှည်ဆရာတော်) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတည်ဆောက်ပြီး နောက် အနုမောဒနာတရားတော်နာယူကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်တာ၀န်ရှိသူများက န၀ကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြပြီးနောက်လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တေင်ကုတ်မြို့နယ်ရှိ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ နှင့် ပင့် သံဃာတော်များ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ အလှူရှင် များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment