ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကန်နီကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကန်နီကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 


ကျောက်ပန်းတောင်း မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တငါ့ကန်ကျေးရွာအုပ်စု၊ ကန်နီကျေးရွာတွင် ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို၊ မတ် ၂၁ ရက် နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ကန်နီကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို၊ ကြည့်ရှုစစ်ဆေးကြပြီး၊ ကျေးရွာရေကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရေပိုက်လိုင်းများ ရေရှည်ခိုင်မြဲအောင် ထိန်းသိမ်းကြရန်နှင့် အချိန်ကာလနှင့် ရာသီဥတုကြောင့် မဟုတ်ဘဲ လူနှင့်လှည့်းများ၊ နွားများကြောင့် ရေပိုက်လိုင်းများ ပျက်စီးမှု မဖြစ်စေရန် သတိပြုဖို့လိုကြောင်းတို့ကို ဆွေးနွေးမှာကြားသည်။ အဆိုပါ ကန်နီကျေးရွာ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို၊ နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၁၅.၀၀)သန်း၊ ကျေးရွာပြည်သူမှ ထည့်ဝင်ငွေ (၄.၇၀)သန်း၊ စုစုပေါင်း ငွေကျပ် (၁၉.၇၀)သန်းဖြင့် ၂၀၂၄ခု နှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး၊ လုပ်ငန်းအားလုံး၏ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရပြီး၊ အဆိုပါ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်းပြီးစီးမှုကြောင့် ကန်နီကျေးရွာနေ အိမ်ထောင်စု (၅၈)စုမှ လူဦးရေ (၃၇၆)ဦး တို့အတွက် သန့်ရှင်းသော သောက်သုံးရေကို လျင်မြန်လွယ်ကူစွာ ရယူသုံးစွဲနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)