ပုလော မတ် ၂၅
၁၃၈၅ ခုနှစ်၊တပေါင်းလပြည့်နေ့ ညနေပိုင်းတွင် ပုလောမြို့ အရှေ့ကျောင်းတိုက် (မြို့ကျက်သရေဆောင်စေတီတော်)၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်ရှိ ပြည်သူများအနေဖြင့် မြို့ကျက်သရေစေတီတော်သို့ လာရောက်၍ ပန်း၊ဆီမီး၊ အမွေးနံသားများဖြင့် ပူဇော်ခြင်း၊ ရေချမ်းကပ်လှူခြင်း၊ အပန်းဖြေ အနားယူခြင်းများဖြင့် စည်းကားလျက်ရှိပြီး၊ စေတနာရှင် ပြည်သူများနှင့် အရှေ့ကျောင်းတိုက်ရှိ ဒါယကာ၊ ဒါယိကာမများကလည်း ဘုရားဖူးပြည်သူများအား ကြာဇံကြော်၊ မုန့်ရေပေါ်၊ ရေခဲထုပ်များဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)
https://t.me/MyanmarNationalPost


No comments:
Post a Comment