မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ကိုကျော်စိုးဦး အား အမြန်ဆုံးလွှတ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ကိုကျော်စိုးဦး အား အမြန်ဆုံးလွှတ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုသွားမည်





ရန်ကုန်၊ မတ် ၂၃

People Media မှ ကိုကျော်စိုးဦး အား တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းရန် ခေါ်ယူပြီး ပြန်လွှတ်ပေးခြင်း မရှိသည့်အပေါ် သံဃာတော်များ၊ ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ကိုကျော်စိုးဦး ကို အမြန်ဆုံး လွှတ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးပညာဝံသ က မိန့်ကြားသည်။

ဆရာတော်ဦးပညာဝံသ က "ပြည်တွင်းမှာ မှန်မှန်ကန်ကန် ရပ်တည်တဲ့ မီဒီယာဆိုတာ အင်မတန်နည်းပါတယ်။ မီဒီယာသမားတစ်ယောက်အနေနဲ့ ပြောသင့် ပြောထိုက်တာကို ပြောမှ တာဝန်ရှိသူတွေလည်း သိမယ်။ ပြည်သူလည်း သိရမယ်။ သူ့ရဲ့ ရပ်တည်ဆောင်ရွက်မှုကိုလည်း အားလုံးသိနေကြတာပဲ။ ကိုကျော်စိုးဦး အခြေအနေနဲ့ ပတ်သက်လို့ လှမ်းမေးကြတဲ့အခါ ဦးဇင်းတို့လည်း ဘာမှမပြောနိုင်ဘူး။ အဲဒါကြောင့် တာဝန်ရှိသူများအနေနဲ့ ကိုကျော်စိုးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုသွားမှာပါ။ ဦးဇင်းတို့ စီစဉ်ဆောင်ရွက်နေကြပါတယ်။" ဟု မိန့်ကြားသည်။

ကိုကျော်စိုးဦး ထံ (၁၉-၃-၂၀၂၄) ရက်နေ့က တာဝန်ရှိသူများက တွေ့ဆုံမေးမြန်းရန်ဟု ဆက်သွယ်ခေါ်ဆိုပြီး သွားရောက်တွေ့ဆုံခဲ့ရာမှ ပြန်လွှတ်ပေးခြင်း မရှိသည့်အပေါ် သံဃာတော်များနှင့် သူ၏ ပရိတ်သတ်များက စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)