တာဝန်ရှိသူများအနေဖြင့် People Media ဦးဆောင်သူ ကိုကျော်စိုးဦးအား စစ်ဆေးဆောင်ရွက်ပြီး အမြန်ဆုံးလွှတ်ပေးပါရန် မေတ္တာရပ်ခံချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာဝန်ရှိသူများအနေဖြင့် People Media ဦးဆောင်သူ ကိုကျော်စိုးဦးအား စစ်ဆေးဆောင်ရွက်ပြီး အမြန်ဆုံးလွှတ်ပေးပါရန် မေတ္တာရပ်ခံချက်

 







တာဝန်ရှိသူများအနေဖြင့် People Media  ဦးဆောင်သူ ကိုကျော်စိုးဦးအား 

စစ်ဆေးဆောင်ရွက်ပြီး အမြန်ဆုံးလွှတ်ပေးပါရန် မေတ္တာရပ်ခံချက်


ရက်စွဲ ။   ။ ၂၀၂၄ခုနှစ်၊ မတ်လ (၂၃)ရက်

(၁၉-၃-၂၀၂၄) ရက်နေ့က (People Media)မှ ကိုကျော်စိုးဦး ထံ တာဝန်ရှိသူများက ဖုန်းဆက်၍ စစ်ဆေး မေးမြန်းရန်အတွက်ဟု ဆက်သွယ်ခေါ်ဆိုသဖြင့် သွားရောက်ရာမှ ယနေ့တိုင် ပြည်လည်ရောက်ရှိလာခြင်း မရှိသည်ကို ကြားသိရပါသည်။

ထိုသို့ဖြစ်ပေါ်ခဲ့သည့်အခြေအနေနှင့် ပတ်သက်၍ ကိုကျော်စိုးဦး၏ မိသားစုဝင်များ၊ ဆရာတော်သံဃာတော် များ၊ သူ၏ ပရိတ်သတ်များက စိုးရိမ်သောကဖြင့် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်လာကြပါသည်။ ကျွန် တော်တို့ အနေဖြင့်လည်း ကြားသိရသော သတင်းအရ ကိုကျော်စိုးဦးအတွက် စိုးရိမ်မှုမလွန်ကဲရန်မှတပါး ဆက်သွယ်မေးမြန်းသူများကို ပြောဆိုနိုင်ခြင်းမရှိပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် မီဒီယာအများစုသည် ပြည်ပသို့ ထွက်ပြေး တိမ်း ရှောင်ပြီး ပြည်ဖျက်ပါတီမှ နိုင်ငံရေးလှုံ့ဆော်သူများနှင့် ပူးပေါင်းကာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လှုံ့ဆော်နေသည့် ကာလတွင် တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူများ၊ သတင်းမှန် သိရှိလိုသော ပြည်သူများအနေဖြင့် People Media အပါအဝင် ပြည်တွင်း မီဒီယာတချို့ကို အားပေးကြရပါ သည်။

(People Media)မှ ကိုကျော်စိုးဦး ၏ သတင်းတင်ပြမှုများတွင် တိုင်းပြည်လူမျိုးအကျိုးအတွက် ဆောင်ရွက် နေသူများကို ဂုဏ်ပြုပြောဆိုခဲ့သည်များကိုလည်း တွေ့ရှိရမည်ဖြစ်ပြီး လစ်ဟာမှုများကို ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်ခဲ့သည်များလည်း ရှိပါသည်။ သို့သော် (People Media)မှ ကိုကျော်စိုးဦး သည် အကြမ်း ဖက်အဖွဲ့အစည်းများကို ထောက်ခံအားပေး၍ အကြမ်းဖက်လှုံ့ဆော်နေခြင်းမဟုတ်ပါ။ ကိုကျော်စိုးဦး ၏ ဆွေးနွေးတင်ပြမှုများတွင် ပြင်းထန်သော အသုံးအနှုန်းများ ပါရှိခဲ့လျင်လည်း တာဝန်ရှိသူများအနေဖြင့် သတင်းမီဒီယာဥပဒေနှင့်အညီ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်း၍ ရနိုင်သော ပြဿနာအဖြစ်သာ ရှုမြင်ပါ သည်။

တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေ့လုပ်ငန်းစဉ် (၁)အဖြစ် ချမှတ်ဆောင်ရွက်နေသည့် နစကအစိုးရလက်ထက်တွင် လစ်ဟာမှုများဖြစ်ပေါ်နေသည်တို့ကို မီဒီယာရှုထောင့်မှ အပြုသဘောဆန်ဆန် ထောက်ပြပြောဆို ဆောင်ရွက်နေသော (People Media)မှ ကိုကျော်စိုးဦး ၏ ရပ်တည်ဆောင်ရွက်ချက်များ အပေါ် နားလည်မှုပေးနိုင်ပါရန်နှင့် စစ်ဆေးဆောင်ရွက်မှုပြီးစီးလျင် အမြန်ဆုံး ပြန်လွှတ်ပေးနိုင်ပါရန် လေး စားစွာဖြင့် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။


မြန်မာ့အမျိုးသားရေးကွန်ရက်

Myanmar National Network (MNN)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)