မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ပုံပြင်နှင့်ကဗျာများဖတ်ပြခြင်း အစီအစဉ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ပုံပြင်နှင့်ကဗျာများဖတ်ပြခြင်း အစီအစဉ်ကျင်းပ




မအူပင် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် နွေရာသီကျောင်းပိတ်ရက် ကလေးသူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပုံပြင်နှင့်ကဗျာများဖတ်ပြခြင်း အစီအစဉ်အား ယနေ့နံနက် (၁၀)နာရီက ကျင်းပသည်။
ပုံပြင်နှင့်ကဗျာများဖတ်ပြခြင်း အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းဖြစ်သူဒေါ်ခင်ခင်ချောက ငြိမ်းချမ်းခြင်းဂေဟာ ပုံပြင်နှင့် ကိုထွန်းရင်(အဏ္ဏဝါ)ရေးသားသည့် စက္ကူလှေကလေးလွှတ်ကြမယ် ကလေးကဗျာများအား ဖတ်ပြရာ ကလေးများ စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပုံပြင်နှင့် ကဗျာများ ဖတ်ပြခြင်းအစီအစဉ် အပါအဝင် အသိပညာပေးTalk Showများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ် 
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)