လသာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်




လသာ မတ် ၂၈

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ (၂၀၂၃-၂၀၂၄)ခု ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရန်ကုန်အ​နောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူ (၅၅) ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာမများနှင့် ကျောင်းသား/သူရင်သွေးငယ်လေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့  လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး လသာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှာ (၂၀၂၃)ခုနှစ်၊ မေလ (၁) ရက်နေ့မှ ၂၀၂၄ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။


နန်းသဲနု​အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)