မုဒုံ မတ် ၃၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ဆက်လက်ဖြေဆိုလျက်ရှိသည်။
ဓမ္မာစရိယစာမေးပွဲ သီလက္ခန္ဓဝဂ္ဂပါဠိ အဋ္ဌကထာဘာသာရပ်ကို မုဒုံစာဖြေဌာနတွင် သံဃာတော် (၁၂၈) ပါး၊ သီလရှင်(၁၄)ပါး ဝင်ရောက်ဖြေဆိုရန်စာရင်းရှိရာ ဖြေဆိုသံဃာ သံဃာ (၁၀၄)ပါး၊ သီလရှင်(၁၄)ပါး ပျက်ကွက်သံဃာ(၂၄)ပါးရှိ၍ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီး (၁၈)ပါးမှ ကြီးကြပ်ကာ အကျိုးတော်ဆောင်များအဖွဲ့မှ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ ကျန်းမာရေးဆိုင်ရာများ ကူညီစောင့်ရှောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မာစရိယကျမ်းရင်း (၃)ကျမ်းဖြစ်သည့် ပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ၊ သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ၊ ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ ကျမ်းရင်း (၃)ကျမ်း၊ ပါဠိဂုဏ်ထူး၊ မြန်မာဂုဏ်ထူးနှင့် ပါဠိပထမပြန်တွင် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းများ စာမေးပွဲတို့ကို သတ်မှတ်ရက်များအလိုက် ဘာသာရပ်များအား ဧပြီ ၉ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ
https://t.me/MyanmarNationalPost
No comments:
Post a Comment