ပေါင်းတည် မတ် ၃၁
နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ပေါင်းတည်မြို့ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော်ဘဒ္ဒန္တသုန္ဒရအား ဂုဏ်ပြုချီးကျူးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သာသနာ့ ဗိမာန်တော်တွင် ဆင်ယင်ကျင်းပရာ မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တသုန္ဒရ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူဒါယိကာများ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပူဇော်ကြသည်။
အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ စတင်ဖွင့်လှစ်ပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးထံမှ (၅) ပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့ကြီးကျောင်းတိုက် ဆရာတော်ကဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က ပူဇာသဘင်နှင့် စပ်လျဉ်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးဝင်းမောင်တို့က ဆရာ တော်ကြီးထံ ဘွဲ့တံဆိပ်တော်လက်မှတ်ကို ထပ်ဆင့် ဆက်ကပ်ပူဇော်ကြပြီး အကျိုးတော်ဆောင်များက လှူဘွယ်ဝတ္ထုအစုစုကို လှူဒါန်းဆက်ကပ်ပေးကြသည်။
ယင်းနောက် ရန်နောင်စိုး မြန်မာမှုတေးဂီတနှင့် တွဲဖက်၍ တေးသံရှင်ရွှန်းလဲ့အောင်က ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်ပြီးနောက် လှူဒါန်းမှု အစုစုအတွက် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို ရေစက်ချပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost
No comments:
Post a Comment