မြို့သစ် မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ တောင်သူများသည် မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးထားသော မိတ်စားကြက်သွန်နှင့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ကြက်သွန်နီစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ ယခုနှစ်တွင် သွင်းအားစုနှင့် ကုန်ကျမှုစရိတ်ကြီးမား ကြောင်း၊ ကြက်သွန်နီတစ်ဧကစိုက်ပျိုးပါက ပျိုးပင်လုံလုံလောက်ရှိရန်အတွက် မျိုးစေ့ (၃)ပြည် ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း (၃၀)ရက်မှ (၄၅)ရက်တွင် ပြောင်းရွှေ့စိုက်ပျိုးရကြောင်း၊ ပျိုးပင်သက်တမ်း (၄၅)ရက်ကျော်လွန်ပါက ကြက်သွန်ဥ ကြီးထွားမှုမရှိကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် မျိုးစေ့တန်ဖိုး၊ ပျိုးနုတ်ခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မြေပြင်ခြင်း၊ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေဩဇာနှင့် တူးဖော်ခြင်း စသည့် အထွေထွေကုန်ကျစရိတ်အဖြစ် ရာသီဥတုနှင့် ပိုးမွှားကျရောက်မှုအပေါ် မူတည်ပြီး ငွေကျပ် (၃၅)သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
မိတ်စားကြက်သွန်နှင့် ဥစားကြက်သွန်နီသီးနှံသည် စိုက်ပျိုးပြီး (၃)လအကြာတွင် တူးဖော် ရောင်းချနိုင်ကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းပါက မြေအမျိုးအစားအပေါ် မူတည်၍ တစ်ဧက (၂၆၀၀) ပိဿာမှ (၃၅၀၀)ပိဿာအထိထွက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment