နေပြည်တော်၊ မတ် ၆
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းဇုန်များအတွင်းရှိ စေတီပုထိုးများအတွင်း ရေကြီးရေဝပ်မှု လျော့ကျနိုင်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရှေးဟောင်းရေကန်များ ဖြစ်သည့် ဖျောက်ဆိပ်ပင်ကန် (၁၊ ၂၊ ၃) ကန်၊ ဖိုးသူတော်ကန်နှင့် မြောက်တစ်ဝက်ကန် စုစုပေါင်းငါးကန်ကို ရှေးမူမပျက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် သတ်မှတ်ချက်များအတိုင်း ပြန်လည်ဆယ်ယူတူးဖော် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး မြောက်တစ်ဝက်ကန်မှာ ရာနှုန်းပြည့်နှင့် ဖျောက်ဆိပ်ပင်ကန်-၁ မှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းရေကန်များ ပြန်လည် တူးဖော်ပေးခြင်းဖြင့် ပုဂံခေတ်ရေအသုံးချမှုစနစ်ကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့ပြီး မိုးရာသီကာလအတွင်း မိုးရေကို စုဆောင်းသိုလှောင်နိုင်ကာ ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် မိုးရာသီအတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေ ရရှိစေခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် များစွာအကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment