ပုဗ္ဗသီရိ မတ် ၂၅
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်လစာနှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်စင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ အငြိမ်းဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ ပင်စင်လစာငွေများ လာရောက်ထုတ်သူများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာ ထုထ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းဦးရေ စုစုပေါင်း (၅၀၀၀)ဦးခန့်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)
https://t.me/MyanmarNationalPost
No comments:
Post a Comment