စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

 


စဉ့်ကိုင်  မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာစေရန်၊ ဘာသာရပ်သင်ခန်းစာများတွင် အခန်းကဏ္ဍများအလိုက် စနစ်တကျထိရောက်အောင်မြင်စွာ သင်ကြားသင်ယူမှုရရှိစေရန်၊ ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေးနှင့် တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများဖလှယ်ပြီး အကြံကောင်းဉာဏ်ကောင်းများ ပေါ်ထွက်လာစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ အ.ထ.က (စဉ့်ကိုင်) ကျောင်းတွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်ရိုးသစ်ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့်ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမ (၅၆၁)ဦး၊ အလယ်တန်းအဆင့်ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမ (၂၃၈)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဆွေးနွေးမှုများပြုလုပ်ရာတွင် ထိရောက်အောင်မြင်ရေး သင်တန်းနည်းပြ (၅၀)ဦးတို့က သက်ဆိုင်ရာဘာသာရပ်များအလိုက် အစုအဖွဲ့များစုဖွဲ့ကာ စုပေါင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကာလမှာ မတ်လ(၂၅)ရက်မှ (၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်အဆင့်ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှုစွမ်းရည် မြင့်မားလာပြီး၊ ဘာသာရပ်အလိုက်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူများ ဖြစ်လာမှာဖြစ်ကြောင်း၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းများ၏ အင်္ဂါရပ်များနှင့်အညီ တီထွင်ဖန်တီမှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှု စွမ်းရည်များတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ကျော်စွာ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)