ကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကမာရွတ်မြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းဆင့်၊ မူလတန်းဆင့် စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ ဆွေးနွေးပွဲ ဖွင့်ပွဲ




ရန်ကုန် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်း/ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမာရွတ်မြို့နယ် ဒုတိယပညာရေးမှူး ဦးဆန်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

အဆိုပါ အခြေခံပညာအလယ်တန်းဆင့်တွင် နည်းပြဆရာ/ ဆရာမများက အလယ်တန်းပြ ဆရာ/ ဆရာမ (၁၁၀) ကျော်အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ်၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များနှင့် မူလတန်းဆင့်တွင် နည်းပြဆရာ/ ဆရာမများက မူလတန်းပြဆရာ/ ဆရာမ (၁၈၀) ကျော်အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ်၊ လူမှုရေး၊ သိပ္ပံဘာသာရပ်များအား မတ်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)