ရွှေတောင်မြို့နယ် တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲ တော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲ တော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



ရွှေတောင် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြန်မာ့ရိုးရာ မဟာသင်္ကြန် ဖြစ်မြောက်ရေးဦးစီး ကော်မတီ နှင့် လုပ်ငန်းဆပ်ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

       အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်က  အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်

အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ ဗဟိုမဏ္ဍပ် တည်ဆောက်မည့်အစီအစဥ်များ၊ ရေကစားမဏ္ဍပ်၌ယိမ်းအကဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ ကပြဖျော်ဖြေနိုင်ရေးနှင့်နှစ်ဆန်း (၁ ) ရက်နေ့တွင် သက်ကြီးဘိုးဘွားကန်‌တော့ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်နှစ်ဆန်း (၂) ရက်နေ့တွင်အန္တရာယ်ကင်းပရိတ်တော်များ ကိုဆွေးနွေးကြရာ တက်ရောက်လာသောဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)