MNP ၊ မတ် ၅
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌အခြေခံရှေးဦးပြုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲကိုယမန်နေ့ညနေ ( ၅ ) နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြည်နယ်ကြက်ခြေနီသူနာပြုပြည်နယ်တပ်ဖွဲ့မှူးဦးကျော်မြင့် က ရှေးဦးပြုစုခြင်းဘာသာရပ်ဆိုတာ ယခင်ကတစ်အိမ်လျှင်တစ်ယောက်တတ်မြောက်ထားရမည်ဖြစ်ပါကြောင်း၊ယခုအချိန်တွင်လူတိုင်းတတ်မြောက်ရမည်ဖြစ်သည့်အတွက်လူတိုင်းတတ်မြောက်အောင်သင်ကြားကြဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် ကရှေးဦးပြုစုခြင်းတက်မြောက်ထားသည့်အတွက် မတော်တစ်ဆဖြစ်ပွားသည့်ဒဏ်ရာများခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာ၍အရေးပေါ်အခြေအနေများတွင် ရှေးဦးပြုစုခြင်းပညာဖြင့် အသုံးချနိုင်မည့်လူတိုင်း သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းသို့ အချိန်မီရောက်ရှိအောင်ဆောင်ရွက်နိုင်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသား၊သင်တန်းသူများအား ဆုများနှင့်သင်တန်းဆင်းလက်မှတ်များကိုတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။တစ်ဆက်တည်းမှာပင် သင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးသော အလှူရှင်များကို ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။အဆိုပါသင်တန်းကို သင်တန်းဆရာ(၅)ဦးက သင်တန်းသား (၂၅)ဦးကို (၃) ရက်ကြာစာတွေ့လက်တွေ့ဖြင့်သင်ကြားပြသခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment