ငပလီ မတ် ၁၆
ရခိုင်ပြည်နယ် ငပလီမြို့မှတက္ကသိုလ်ဝင်စာမေးပွဲကိုဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူ(၅၄၁)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ထိုသို့ စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၁၆)ရက်နေ့ နံနက်၉နာရီမှ၁၂နာရီထိ၃နာရီမေးခွန်းလွှာကိုသက်ဆိုင်ရာစာစစ်ဌာနများတွင်စစ်ဆေးလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ဆရာမများမှစနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများကကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက်လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။
ငပလီမြို့တွင် စာစစ်ဌာနများဖြစ်သည့်အ-ထ-က ငပလီ နင့်အထကခွဲလင်းသာစာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူဇီဝဗေဒဘာသာရပ်ကို (၅၁)ဦးရှိသည့်အနက် ဖြေဆိုသူ (၅၁) ဦးပျက်ကွက်(-)ဦး၊ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူစုစုပေါင်း(၄၉၀)ရှိသည့်အနက်ဖြေဆိုသူ(၄၇၁)ဦး ပျက်ကွက် (၁၉)ဦးရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြင့်မြင့်အေး
https://t.me/MyanmarNationalPost

No comments:
Post a Comment