တောင်ကုတ် မတ်လ ၁၆
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၄)ခု ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ်များကိုကို ကျောင်းသား၊ကျောင်းသူမှ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် အထက(၁) ၊ အထက(၂)မြို့မ ၊ အထက(၄)နှင့် အထက (ရွာမ)တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ကျင်းပလျက်ရှိပြီး ဇီဝဗေဒဘာသာရပ် ၌ဖြေဆိုရန်စာရင်းရှိ ၃၂၈ ဦးရှိသည့်အနက် ၃၀၈ ဦးကလည်းကောင်း ၊ ဘောဂဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ၉၇၇ ဦးရှိသည့် အနက် ၈၈၄ ဦးကလည်းကောင်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ၊ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment