ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမြှင့် တင်ရေး သင်တန်းဖွင့်ပွဲတက်ရောက် အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမြှင့် တင်ရေး သင်တန်းဖွင့်ပွဲတက်ရောက် အမှာစကားပြောကြား




မြစ်ကြီးနား၊ မတ် ၁၁

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ပြည်နယ်အတွင်းရှိ ရွှေလုပ်ငန်း လုပ်ကိုင်သူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ငွေကြေးခဝါချမှုနှင့် ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး အသိပညာမြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို မတ် ၁၁ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ငွေကြေးခဝါချမှုများကြောင့် စီးပွားရေးမတည်ငြိမ်မှုဖြစ်ခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်ယိမ်းယိုင်ခြင်း၊ ဘဏ်လုပ်ငန်းစနစ် မတည်ငြိမ်ခြင်း၊ ရာဇဝတ်မှုများပြားခြင်း၊ အမျိုးသားလုံခြုံမှုထိခိုက်စေခြင်းများ ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် တားဆီးကာကွယ်ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းခြင်း၊ နိုင်ငံတကာသဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တွင်အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း၊ ပြည်တွင်း/ ပြည်ပ ပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့သင်တန်းတက်ရောက်လာကြသည့် အဖိုးတန် သတ္တု(ရွှေ) လုပ်ငန်းရှင်များအနေဖြင့်လည်း သင်တန်းတွင်ဆွေးနွေးပို့ချချက်များကို မိမိတို့မြို့နယ်များနှင့်လုပ်ငန်း တူရွှေလုပ်ငန်းလုပ်ကိုင်သူများကို တစ်ဆင့်သတင်းစကားဖြန့်ဝေပေးကြရန် လိုအပ်ပါကြောင်း၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသီးသီးက ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ လုပ်ဆောင် ရမည့် လုပ်ငန်းစဉ်များကို မိမိတို့တာဝန်ယူရသည့် လုပ်ငန်းစဉ်အသီးသီးတွင် တာဝန်ကျေပွန်စွာ ‌ဆောင်ရွက်ကြရန်နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ကြီးကြပ်ရေးအဖွဲ့များ၊ အိမ်ခြံမြေ အကျိုးဆောင်များ နှင့် အဖိုးတန်သတ္တု(ရွှေ)လုပ်ငန်းရှင်များ အတူတူ ပူးပေါင်းပြီး မိမိတို့ ပြည်နယ်အတွင်းမှာ ငွေကြေး ခဝါချမှု လျော့နည်းပပျောက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်း မှာကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြများအတွက် အမှတ်တရလက်‌ဆောင် ပစ္စည်းများကို ပေးအပ်ချီးမြှင့်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ကချင်ပြည်နယ်အတွင်း အိမ်ခြံမြေနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများအနေဖြင့် အသင်းဝင် မှတ်ပုံတင်ကတ်များကို ယနေ့အထိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် (၆၄)ဦး၊ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် (၂၀)ဦး စုစုပေါင်း(၈၄)ဦးကို ထုတ်ပေးထားခဲ့ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအသိပညာများ ပြန့်ပွားလာစေရေးအတွက် သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယနေ့ ဒုတိယအကြိမ်အဖြစ် (၁၁.၃.၂၀၂၄) ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု အသိပညာမြှင့်တင်ရေး သင်တန်းအဖြစ် ဝန်ထမ်းများနှင့် ရွှေလုပ်ငန်းရှင်များအား လည်းကောင်း၊ ၁၂.၃.၂၀၂၄ ရက်နေ့တွင် AML (Anti Money Laundering), CFT (Counter Financing of Terrorisism) သင်တန်းများကို လည်းကောင်း၊ အလားတူ (၉.၃.၂၀၂၄)ရက်နေ့ကလည်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ အသင်းသား/ အသင်းသူများနှင့် အသိပညာမြှင့်တင်ရေး သင်တန်းကိုဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)