မင်းလှမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ



အထက်မင်းလှ မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က  အဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ၊ အဂတိကင်းစင်ရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားပြီး မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးစိုးသူက မြန်မာနိုင်ငံအ‌နေဖြင့် အဂတိတားဆီးကာကွယ်‌ရေးဥပဒေနှင့်ပတ်သက်၍ လေးကြိမ်ထိ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်(၈)ရပ်၊ ရည်ရွယ်ချက် (၃)ရပ်တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ မြို့နယ်ဉပဒေအရာရှိကိုယ်စား ဒုတိယမြို့နယ်ဉပဒေအရာရှိ ဦးအောင်သူမြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီး မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ မြို့နယ်စာရင်းစစ်ရုံးမှ ဦးစီးအရာရှိကိုယ်စား၊ စာရင်းစစ်မှူး ဒေါ်အေးအေးငြိမ်းက ဝန်ထမ်းတိုင်း လိုက်နာရမည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာပြီး အဂတိကင်းစင်သည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လာအောင် စီမံခန့်ခွဲသူများက လိုက်နာ၍ ပြည်သူ့ဘဏ္ဍာလေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးအောင်က အခွန်(၆)မျိုးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်း‌ပြောကြားခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်‌ကျေးရွာစာ‌ရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)