မန်ကန် မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ နွေရာသီတွင်ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ “ဝ”စာပေကို တန်းဖိုးထားချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ “ဝ”စာပေနှင့် ယဉ်ကျေးမှုသင်တန်းကို ယနေ့နံနက် (၈)နာရီအချိန်က မန်ကန်းမြို့၊ ဝိဇ္ဇေတာရုံဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မန်ကန်မြို့ ကျောင်းထိုင်ဆရာတော် အရှင်ဝါသဝကအဖွင့်အမှာ စကားမိန့်ကြားတွင် “ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ “ဝ”စာပေနှင့်ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းတန်းဖိုးထားစေရေး၊ လူကြီးသူမများ၏ ဆုံးမစကားများကို နာယူ၍ လောကနီတိများ လိုက်နာတတ်စေရန်၊ ယဉ်ကျေးလိမ္မာ၍ သားကောင်းသမီးကောင်းဖြစ်ကြစေကြောင်း”မိန့်ကြားခဲ့သည်။
ဆက်လက်၍ အရှင်သောဘိက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် “မန်ကန်မြို့အတွင်းရှိ ဒေသခံကလေးများသည် “ဝ’လူမျိုးအများစုဖြစ်ကြောင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာစကား၊ စာပေများ၊ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းမိန့်ကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် ဆရာမ ဒေါ်အေးကြာနှင့် ဆရာမ အေးလှကျော်တို့က (၁၄-၃-၂၀၂၄)မှ(၂-၄-၂၀၂၄)ထိ(၂၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီ သင်တန်းသား/ သူ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment