တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအမျိုးသမီးဝူရှူး(ဆန်းဆို)အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအမျိုးသမီးဝူရှူး(ဆန်းဆို)အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့တက်ရောက်


ထားဝယ်   မတ် ၁၄

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူး(ဆန်းဆို)ပြိုင်ပွဲတွင် ပထမဒိုင်းဆုဆွတ်ခူးရရှိသော တနင်္သာရီတိုင်းဒေသကြီး အမျိုးသမီးဝူရှူး(ဆန်းဆို)အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက်လူထု အားကစားလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ခေတ်မီသိပ္ပံနည်းကျသည့် အားကစားနည်းစနစ်၊ နည်းဗျူဟာများနှင့် ပတ်သက် ၍ကျွမ်းကျင်သော အားကစားနည်းပြများ၊ နည်းစနစ်မှူးများ၊ အားကစားဆိုင်ရာအုပ်ချုပ်စီမံခန့်ခွဲသူများ၊ အရည်အချင်းပြည့်မီသည့် အားကစား ဆေးဘက်ဆိုင်ရာပညာရှင်များ လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများကိုလည်း ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝူရှူးအားကစားနည်းမှာ ပြိုင်ပွဲဝင်အားကစား အမျိုးအစားအနေဖြင့် ထောက်လုနှင့်ဆန်းဆိုအားကစားနည်း(၂)မျိုးရှိပြီး တိုင်းဒေသကြီးအနေဖြင့် ပိုမိုထူးချွန်သောဆန်းဆိုအတိုက် အားကစားနည်းကို တိုင်းဒေသကြီးအတွင်း အမြဲလေ့ကျင့်နေသည့် လက်ဝှေ့အားကစားနည်းတွင်ရွှေတံဆိပ်ရရှိထားသော အမျိုးသမီး အားကစားသမားများနှင့် ထားဝယ်မြို့တွင်စခန်းဝင် လေ့ကျင့်စေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးဝူရှူးပြိုင်ပွဲအား စေလွှတ်ယှဉ်ပြိုင်စေခဲ့ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲများတွင်ဆုရရှိမှု ၂၀၁၉-၂၀၂၀ ခုနှစ်ရွှေ(၃)ခု၊ ကြေး(၄)ခုနှင့်အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ ၂၀၂၄ ခုနှစ်တွင်ရွှေ(၂)ခု၊ ကြေး(၂)ခုနှင့်အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုကိုဆွတ်ခူးနိုင်ခဲ့ကြောင်း၊  တံခွန်စိုက်ဒိုင်းဆုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော တိုင်းဒေသကြီးဝူရှူး(ဆန်းဆို)အသင်းအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသည့် ပြည်သူ လူထုများ၏ကိုယ်စားသော် လည်းကောင်း များစွာနှစ်ထောင်းအားရ ချီးကျူးဂုဏ်ပြုပါကြောင်း အားကစားသမားများ အနေဖြင့် လည်းယခုထက်မကပိုပြီး အောင်မြင်မှုတွေရရှိအောင်၊ ရရှိပြီးခဲ့တဲ့အောင်မြင်မှုများအချိန်တိုအတွင်း လက်လွှတ်ဆုံးရှုံး သွားရသည်များမဖြစ်အောင်၊ ရေရှည်ဗိုလ်စွဲနိုင်အောင် ဆက်လက်လေ့ကျင့်ကြိုးစား အားထုတ် ယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း၊ဝူရှူး(ဆန်းဆို)အဖွဲ့အနေဖြင့်ရရှိပြီးသော အောင်မြင်မှုများကို အနာဂတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင်သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လဝီရိယ၊ အားမာန်၊ စိတ်ဓာတ်များနှင့်ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန် “ယှဉ်ပြိုင်လျှင်နိုင်ရမည်”ဆိုသည့် ဆောင်ပုဒ်များကို လက်ကိုင်ထားပြီးတိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပြိုင်ပွဲသွား ရောက်ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ရရှိလာသော ဆုဖလားအား ဝန်ကြီးချုပ်ထံ အပ်နှံသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်/နည်းပြအား ဂုဏ်ပြုဆုငွေကျပ် (၆)သိန်း၊ (၄၅) ကီလိုတန်းပြိုင်ပွဲတွင်(ရွှေ) တံဆိပ်ဆွတ်ခူးရရှိသောမခင်မိုးအေးအား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၂) ကီလိုတန်းပြိုင်ပွဲတွင်(ရွှေ) တံဆိပ်ဆွတ်ခူးရရှိ သောမမေသဥ္ဇာဦးအားဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၄၈)ကီလိုတန်းပြိုင်ပွဲတွင်(ကြေး)တံဆိပ်ဆွတ်ခူးရရှိသော နော်တာဘလုဆိုး အားဂုဏ်ပြုဆုငွေကျပ်(၁)သိန်းခွဲ၊ (၅၆)ကီလိုတန်းပြိုင်ပွဲတွင်(ကြေး)တံဆိပ်ဆွတ်ခူးရရှိသော မထက်ထက်ဝင်းအား ဂုဏ်ပြုဆုငွေ ကျပ်(၁)သိန်းခွဲ၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသည့် မမခင်မိုးအေးအား ဂုဏ်ပြုဆုငွေကျပ် (၂)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းက ဝူရှူး(ဆန်းဆို) အဖွဲ့အားဂုဏ်ပြုဆုငွေ(၅)သောင်းကျပ်အားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ပြီး ဆုရအားကစားသမားများကိုယ်စား အသင်းနည်းပြဦးဇေယျာဌေးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)